Sarus Crane Bird Watching Ayeyarwady

Loading Events

« All Events

  • This event has passed.

Sarus Crane Bird Watching Ayeyarwady

July 27, 2019 @ 6:30 am July 28, 2019 @ 5:00 pm RMT

Sarus Crane
Sarus Crane bird watching to Ayeyarwady in July 2019 again. We are happy to announce that  Birding Activity & Responsible Tourism to Ayeyarwady region  -02  will be launched collaborated by  S.S.T Tourism Co.,Ltd and MBNS(Myanmar Birds and Nature Society) on 27 July 2019. We are welcome to this program who would like to participate.
Sarus Crane bird watching itinerary

ကြိုးကြာငှက်တို့ ပျော်စံရာခရီးစဉ်

ဧရာဝတီတိုင်းဒေသကြီးသို့ ငှက်ကြည့်ခြင်းနှင့် တာဝန်သိခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်း ခရီးစဉ် – ၂

ဤခရီးစဉ်အား S.S.Tခရီးသွားလုပ်ငန်းနှင့် မြန်မာငှက်ဝါသနာရှင်အသင်း (MBNS) တို့မှ ပူးပေါင်းဆောင်ရွက် ခြင်း ဖြစ်ပါသည်။

ခရီးစဉ်တွင် ပါဝင်လိုက်ပါခြင်းအားဖြင့် ရရှိခံစားနိုင်မည့် အကျိုးကျေးဇူးများ

(၁) ကြိုးကြာငှက်သည် ငှက်များထဲတွင် အရပ်အမြင့်ဆုံး ငှက်ဖြစ်ပြီး ၄င်း၏ လှပပြေပြစ်သည့် ကိုယ်ခန္ဓာနှင့် နွဲ့နွဲနှောင်းနှောင်း လမ်းလျှောက်နေပုံများကို တွေ့မြင်ရမည်။

(၂) ဧရာဝတီတိုင်းဒေသကြီး၏ သဘာဝပတ်ဝန်းကျင်အလှအပများနှင့် ကျယ်ပြန့်သောလယ်ကွင်းပြင်ကြီး ထဲတွင် တောင်သူဦးကြီးများနှင့် ခင်မင်ရင်းနှီးစွာ ရှင်သန်ကျက်စားနေထိုင်သော ကြိုးကြာငှက်များကို လေ့လာကြည့်ရူရမည်။

(၃) Endangered species ဖြစ်သော Jerdon’s Babbler နှင့်တကွ စာဘူးတောင်းမျိုးစိပ်များ ဖြစ်သော Baya Weaver, Asian Golden Weaver, Streaked Weaver များကိုလည်းမြင်တွေ့ရမည် ဖြစ်သည်။

ခရီးစဉ်ဖော်ဆောင်ခြင်း၏ရည်ရွယ်ချက်

• ငှက်ကြည့်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ငှက်များကိုချစ်မြတ်နိုးပြီး ထိန်းသိမ်း စောင့် ရှောက် တတ်စေရန်။
• စုပေါင်းငှက်ကြည့်ခြင်းအားဖြင့် တစ်ဦး နှင့် တစ်ဦးခင်မင်ရင်နှီးပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၊အသိပညာ ဗဟုသုတများ နှီးနှောဖလှယ် နိုင်စေရန်။
• လူငယ်များ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင် ထိန်းသိမ်းလိုသောစိတ်ဓါတ် များ ပိုမိုမြင့်မားလာစေရန်။

ခရီးစဉ်အသေးစိတ်ဖော်ပြချက်
နံနက် ဝ၆း၃၀(နာရီ)တွင် မြေနီကုန်း ဒဂုံစင်တာ( 1 ) ရှေ့တွင် စုရပ်အနေဖြင့်သတ်မှတ် ထားပါသည်။ ထိုနောက် Light truck ကားဖြင့် လှိုင်သာယာမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး သို့ မောင်းနှင်းပါမည်။ နေ့လည်စာကို လမ်းတွင် စားသုံးပါမည်။ ၄င်းနောက် ကြိုးကြာများ ကျက်စားသော နေရာသို့သွားရောက် ကြည့်ရူလေ့လာပါမည်။ ညနေပိုင်းတွင် ဝါးခယ်မမြို့သို့ သွားရောက် ၍ အောင်ကုဋေဟိုတယ်သို့ check in ဝင်ပါမည်။ ညစာ ကို ဟိုတယ်တွင် စားသုံးနိုင်ပါသည်။

နောက်တစ်နေ့ နံနက်စောစော ဟိုတယ်တွင် မနက်စာစားသုံးပြီး ဟိုတယ်မှ check out လုပ်ပါမည်။ ထိုနောက် ကိုင်းတောများနှင့် လယ်ကွင်းများထဲတွင် နံနက် (၁၁) နာရီအထိ ငှက်ဆက်လက်ကြည့်ရူပါမည်။ ၄င်းနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။ နေ့လည်စာကို ဗိုလ်မြတ်ထွန်းတံတားထိပ်ရှိ Classic စားသောက်ဆိုင်တွင် စားသုံးပါမည်။မိမိနှင့်တပါးတည်းယူဆောင်လာရမည့်အရာများ

၁)သောက်ရေဘူး
၂) Binocular

၃) ထီး နှင့် မိုးကာ

၄) ဘောပင် နှင့် မှတ်စုစာအုပ်

၅) ဘွတ်ဖိနပ် ယူလာရန်

ခရီးစဉ် ကားစရိတ်အတွက် တစ်ဦးလျှင် (၁၂,ဝ၀ဝ) ကျပ်သာ ကုန်ကျပါပြီး အခြားကုန်ကျစရိတ် များကို မိမိဘာသာ ကျခံရပါမည်။( ဤခရီးစရိတ်မှာ လူဦးရေ ၁၅ ယောက်ကို အခြေခံ တွက်တာခြင်းဖြစ်ပါသည်။ အကယ်၍ လူဦးရေ ၁၅ ယောက်မပြည့်ပါက မျှဝေခြင်းစနစ်ဖြင့် ကားစရိတ်ကို ကျခံရမည်။)

၂၂ ရက် ဇူလိုင်လ ၊၂၀၁၉ နောက်ဆုံးထားစာရင်းပေးသွင်းကြပါရန်

ဆက်သွယ်ရမည့် ပုဂ္ဂိ်ုလ်

S.S.T Tourism Office Phone: 01 -255536, 393094

ဦးဌေးငွေ (ဝ၉- ၄၄၂ ၁၆၃ ဝ၁၉)

ဦးမင်္ဂလာလေး (ဝ၉- ၇၉၂ ၆၇၈ ၈၅၇)

Details

Start:
July 27, 2019 @ 6:30 am RMT
End:
July 28, 2019 @ 5:00 pm RMT
Cost:
Kyats12000
Event Category:
Event Tags:
, ,
Website:
http://SSTmyanmar.com/birding

Organizers

SST Tourism
Myanmar Bird & Nature Society(MBNS)